မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၃)အဖြစ်ယှဉ်ပြိုင်ခဲ့သော အားကာသိပ္ပံအသင်းနှင့်ရတနာပုံအသင်းတို့ပွဲစဉ်တွင် ရတနာပုံအသင်းမှစိုးမင်းဦးမှ Aya Pay Man Of The Match ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။အဆိုပါပွဲစဉ်တွင် စိုးမင်းဦးသည် ပွဲချိန်မိနစ်(၄၀)တွင် အဝေးကန်ချက်ဖြင့် ရတနာပုံအသင်းအတွက်ခြေပဂိုးကိုသွင်းယူခဲ့ပြီးပွဲချိန်ပြည့်ပါဝင်ကစားခဲ့ကာ Aya Pay မှချီးမြင့်သော Man Of The Match ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်
ပွဲပြီးဆုံးချိန်တွင် (၂-၂) ဆိုသည့်ရလဒ်ဖြင့် သရေတစ်မှတ်ရရှိခဲ့ပြီးရတနာပုံအသင်းသည်
ရမှတ်(၁၉)မှတ်ဖြင့်အမှတ်ပေးဇယား
အဆင့်(၅)နေရာ၌ရပ်တည်လျက်ရှိပါသည်။



