back

အီရန်ခေါင်းဆောင်က သမ္မတ ဒေါ်နယ်ထရမ့်ကို ‘ရာဇဝတ်ကောင်’ လို့ သုံးနှုန်းခေါ်ဆို

Jan 18 • 4:34 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန်ခေါင်းဆောင်က သမ္မတ ဒေါ်နယ်ထရမ့်ကို ‘ရာဇဝတ်ကောင်’ လို့ သုံးနှုန်းခေါ်ဆို

အီရန်ခေါင်းဆောင် အယာတိုလာခါမေနီဟာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လူသေဆုံးသူ အရေအတွက်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောလိုက်ပါတယ်။ခါမေနီဟာ စနေနေ့ကပြောကြားတဲ့ မိန့...

အီရန်ခေါင်းဆောင် အယာတိုလာခါမေနီဟာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လူသေဆုံးသူ အရေအတွက်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောလိုက်ပါတယ်။ခါမေနီဟာ စနေနေ့ကပြောကြားတဲ့ မိန့်ခွန်းအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ သေဆုံး သူထောင်ချီတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လနှောင်းပိုင်းက တီဟီရန်မြို့တော်မှာ ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီး အီရန်နိုင်ငံတစ်ဝှမ်း ပျံ့နှံ့ သွားခဲ့ကာ ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေ အပါအဝင် သေဆုံးသူ ၃,၀၀၀ ဝန်းကျင်ရှိတယ်လို့ The New York Times သ တင်းစာက ဖော်ပြခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာ အီရန်နိုင်ငံမှာ ပုန်ကန်မှုဖြစ်စေရန် လှုံ့ဆော်သူလို့လည်း အယာတိုလာခါမေ နီက ဝေဖန်ခဲ့ပါတယ်။

လူသေဆုံးမှု၊ ထိခိုက်ပျက်စီးမှုတွေအတွက် ၎င်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ‘ရာဇ ဝတ်ကောင်’ လို့လည်း ခေါ်ဆိုခဲ့ပါတယ်။အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေက ကုန်ဈေးနှုန်း မြင့်တက်စေခဲ့ရာ ဆန္ဒ ပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။အီရန်နိုင်ငံသားတွေအတွက် စီးပွားရေးအခြေအနေ မကောင်းတဲ့အပြင် အီရန်ပြည်သူတွေဟာ အ ခက်အခဲတွေ ရင်ဆိုင်နေရတာကို သိတယ်လို့ ခါမေနီက ဆက်ပြောပါတယ်။အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရုတ်သိမ်းနိုင်ချေ နည်းပါးတာကြောင့် အီရန်အစိုးရ က ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းကာ အစိုးရဆန့်ကျင်ရေး သဘောထားကို ပြေလျှော့စေနိုင်ခြင်း ရှိ မရှိဆိုတာ မသိရပေ။



news-view-count-icon

24