အင်ဒိုနီးရှားနိုင်ငံတွင် လူ ၁၁ ဦး လိုက်ပါသွားသည့် Indonesia Air Transport ပိုင် ခရီးသည်တင် လေယာဉ်ငယ်တစ်စင်းသည် ဇန်နဝါရီ ၁၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်တွင် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့သဖြင့် အာဏာပိုင်များက ရှာဖွေရေးလုပ်ငန်းများ အပူတပြင်း လုပ်ဆောင်နေကြောင်း သိရသည်။ အဆိုပါလေယာဉ်သည် Yogyakarta မှ Makassar မြို့သို့ ဦးတည်ပျံသန်းလာခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် ၃ ဦးနှင့် လေယာဉ်အမှုထမ်း ၈ ဦး လိုက်ပါသွားခဲ့သည်။ လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ လေတပ်၊ ရဲတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများသည် လေယာဉ်နောက်ဆုံးရှိခဲ့သည့် Maros Regency တောင်ပေါ်ဒေသအနီးသို့ ရဟတ်ယာဉ်များ၊ ဒရုန်းများအသုံးပြုကာ ကုန်းကြောင်း၊ လေကြောင်း နှစ်သွယ်ဖြင့် ရှာဖွေလျက်ရှိကြောင်း သိရှိရပါသည်။
| 23 | 0 | 0 | 0 |


