back

ရခိုင်ပြည်နယ်၊မောင်တောခရိုင်မှာ ကုန်တင်ကားတွေကို အလှည့်ကျစနစ်ပြုလုပ်ပေးဖို့တောင်းဆိုနေ

Jan 18 • 2:40 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်၊မောင်တောခရိုင်မှာ ကုန်တင်ကားတွေကို အလှည့်ကျစနစ်ပြုလုပ်ပေးဖို့တောင်းဆိုနေ

ရခိုင်ပြည်နယ်၊မောင်တောခရိုင်မှာ ကုန်တင်ကားတွေကို အလှည့်ကျစနစ်ပြုလုပ်ပေးဖို့ ကုန်တင်ကားပိုင်ရှင်တွေ တောင်းဆိုနေကြပါတယ်။မောင်တောခရိုင်ဟာ နယ်စပ်ဒေသဖြစ်တာမို့ ကုန်စ...

ရခိုင်ပြည်နယ်၊မောင်တောခရိုင်မှာ ကုန်တင်ကားတွေကို အလှည့်ကျစနစ်ပြုလုပ်ပေးဖို့ ကုန်တင်ကားပိုင်ရှင်တွေ တောင်းဆိုနေကြပါတယ်။မောင်တောခရိုင်ဟာ နယ်စပ်ဒေသဖြစ်တာမို့ ကုန်စည်စီးဆင်းမှုတွေ အတိုင်းအတာတခုထိရှိနေပြီး ကုန်တင်ကားတချို့သာ တင်ဆောင်နေကြရတယ်လို့ ကုန်တင်ကားပိုင်ရှင်တွေဆိုကြပါတယ်။အဲဒါကြောင့် ကုန်တင်ကားအားလုံး အညီအမျှလုပ်ကိုင်တင်ဆောင်ခွင့်ရဖို့အတွက် ကုန်တင်ကားတွေကို အလှည့်ကျစနစ်ပြုလုပ်ပေးဖို့ ကုန်တင်ကားပိုင်ရှင်တွေ တောင်းဆိုနေကြပါတယ်။"အဓိကကျွန်တော်တို့ ကားသမားတွေတောင်းဆိုချင်တာက ကားတွေကို နံပါတ်စဉ်အတိုင်းမဲနှိက်ပြီး နွားတွေတင်ပို့ခွင့်ရချင်ပါတယ်။ ခုအချိန်မှာလူတိုင်းအလုပ်လက်မဲ့ဖြစ်နေကြတာပါ။ တာဝန် ရှိလူကြီးတွေလည်းနားလည်ပေးဖို့လိုပါတယ်။"လို့ မောင်တောမြို့မှကုန်တင်ကားပိုင်ရှင်တဦးကပြောပါတယ်။

news-view-count-icon

18