back

မူဆယ်က KTV ဆိုင်တစ်ခုမှာ ခိုက်ရန်ဖြစ်ပွားပြီး ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရ

Jan 18 • 1:56 AM

breaking-news

မြန်မာ

ရှမ်း

cover

မူဆယ်က KTV ဆိုင်တစ်ခုမှာ ခိုက်ရန်ဖြစ်ပွားပြီး ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရ

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့က ကေတီဗီဆိုင်တစ်ခုမှာ လိုင်းကြေးကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းခဲ့ကြရတာကနေ ခိုက်ရန်ဖြစ်ပွားပြီး ကျားဖြန့်လုပ်ကိုင်သူ တရု...

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့က ကေတီဗီဆိုင်တစ်ခုမှာ လိုင်းကြေးကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းခဲ့ကြရတာကနေ ခိုက်ရန်ဖြစ်ပွားပြီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။အရင်က ကျားဖြန့်တစ်ရုံကို သိန်း (၅၀) နဲ့ (၁၀၀) ကြား ပေးနေရာမှ လက်ရှိမှာ ရုံအကြီးတစ်ရုံကို သိန်း (၁၂၀) နဲ့ ရုံအသေးကို သိန်း (၁၀၀) ပေးဆောင်ရမယ်လို့ သိရှိရပြီး လောင်းကစားရုံ တစ်ရုံကို သိန်း (၅၀) မှ (၇၅) သိန်း၊ ပြည့်တန်ဆာရုံ (၂၅) သိန်း၊ အပေါင်ဆိုင် (၁၀) သိန်း၊ ကာရာအိုကေ (၁၂) သိန်းနဲ့ အနှိပ်ခန်း (၁၀) သိန်း သတ်မှတ်ထားကြောင်းကို ဖော်ပြထားပါတယ်။လိုင်းကြေးကို ဖေဖော်ဝါရီ ၃ ရက်နေ့ နောက်ဆုံးထားကာ အပြီးပေးဖို့ သတ်မှတ်ထားတာကြောင့် ညှိနှိုင်းခဲ့ကြရာကနေ အခုလို ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

news-view-count-icon

13