back

ဘန်ကောက်တွင် လေထုညစ်ညမ်းမှုဆိုးရွားလာသဖြင့် မိုးတုရွာပြီး အရေးပေါ်ရှင်းလင်းနေ

Jan 17 • 1:11 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်တွင် လေထုညစ်ညမ်းမှုဆိုးရွားလာသဖြင့် မိုးတုရွာပြီး အရေးပေါ်ရှင်းလင်းနေ

ဘန်ကောက်နဲ့ အနီးတဝိုက်မှာ လေထုညစ်ညမ်းမှု PM 2.5 အညွှန်းကိန်းများ "အနီရောင်" အဆင့်ထိ မြင့်တက်လာတာကြောင့် The Department of Royal Rainmaking and Agricultural Avia...

ဘန်ကောက်နဲ့ အနီးတဝိုက်မှာ လေထုညစ်ညမ်းမှု PM 2.5 အညွှန်းကိန်းများ "အနီရောင်" အဆင့်ထိ မြင့်တက်လာတာကြောင့် The Department of Royal Rainmaking and Agricultural Aviation မှအရေးပေါ် စစ်ဆင်ရေးတွေ စတင်နေပြီဖြစ်ပါတယ်။လေယာဉ်အုပ်စုများကို အဓိကအခြေစိုက်စခန်းများမှ တစ်နေ့လျှင် အကြိမ်ရေများစွာ တိုးမြှင့်ပျံသန်းစေကာ လေထုသန့်စင်ရေး နည်းပညာများဖြင့် လုပ်ဆောင်နေပါတယ်။ လိုအပ်ပါက ညဘက်တွင်ပါ အရေးပေါ် ပျံသန်းမှုများ လုပ်ဆောင်ရန် အသင့်ပြင်ထားကြောင်းလည်း သိရှိရပါတယ်။ ကျန်းမာရေး သတိပေးချက်

အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများအနေဖြင့် 

• အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ကန့်သတ်ရန်။

• အပြင်တွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ ရှောင်ကြဉ်ရန်။

• အပြင်ထွက်ပါက PM 2.5 ကာကွယ်နိုင်သော နှာခေါင်းစည်းများ တပ်ဆင်ရန် ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။ယခု စစ်ဆင်ရေးသည် ဘန်ကောက်လေကြောင်းပိုင်နက်အတွင်း ပထမဦးဆုံးအကြိမ် စီးပွားရေးလေကြောင်းလိုင်းများနှင့် ညှိနှိုင်းကာ အနိမ့်ပျံသန်းမှု (ပေ ၃၀၀၀ အောက်) ဖြင့် ဖုန်မှုန့်တိုက်ဖျက်ရေးကို ထိရောက်စွာ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ 



news-view-count-icon

14