ဇန်နဝါရီ ၁၇ ရက် ၂၀၂၆ ခုနှစ် ဒီကနေ့ နေ့လည်မြန်မာစံတော်ချိန် ၁ နာရီ ၄၇ မိနစ် ၃၉ စက္ကန့် အချိန်ခန့်က မန္တလေးမြို့ ရဲ့ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ မတ္တရာမြို့ရဲ့ အရှေ့တောင်ဘက် ၁၁ မိုင်ခန့်အကွာ ဖယောင်းတောင်သတ္ထုတွင်းအနီး တောင်တန်းဒေသအောက် ဗဟိုပြု၍ မြေအောက်အနက် ၆ မိုင်အကျော်မှ မဂ္ဂနီကျု ၄.၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားပါသည်။



