ထိုင်းနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် Asean Women's Futsal Championship 2026 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းရဲ့ ပဏာမ ကစားသမားစာရင်းကို အသင်းက နည်းပြချုပ်ဖြစ်သူ ဒေါ် ဝါဝါခိုင် က ထုတ်ပြန်ခဲ့ပြီ ဖြစ်ပါတယ်။ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသမီးအသင်းက ကစားသမားများကို ၂၀၂၅ခုနှစ် ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကစားသမားများနဲ့ AYA Women's League 2025 ပြိုင်ပွဲကနေ ကစားသမားများနဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသမီးအသင်းဟာ ဇန်နဝါရီ ၁၉ ရက်က စတင်ပြီး လက်ရွေးစင် ကစားသမားများ အဆောင်မှာနေထိုင် စခန်းသွင်းလေ့ကျင့်မှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။



