back

ဂရင်းလန်ကျွန်း သိမ်းယူမယ့်အစီအစဉ်ကို မထောက်ခံသောတိုင်းပြည်များအား စည်းကြပ်ခွန် သတ်မှတ်မယ်လို့ ဒေါ်နယ်ထရမ့် ပြော

Jan 17 • 5:25 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂရင်းလန်ကျွန်း သိမ်းယူမယ့်အစီအစဉ်ကို မထောက်ခံသောတိုင်းပြည်များအား စည်းကြပ်ခွန် သတ်မှတ်မယ်လို့ ဒေါ်နယ်ထရမ့် ပြော

ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်ကျွန်းကို ထိန်းချုပ်မယ့် အမေရိကန်နိုင်ငံရဲ့ အစီ အစဉ်အား မထောက်ခံတဲ့တိုင်းပြည်တွေကို စည်းကြပ်ခွန် သတ်မှတ်မယ်လို့ သမ...

ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်ကျွန်းကို ထိန်းချုပ်မယ့် အမေရိကန်နိုင်ငံရဲ့ အစီ အစဉ်အား မထောက်ခံတဲ့တိုင်းပြည်တွေကို စည်းကြပ်ခွန် သတ်မှတ်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သောကြာနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို အခုလို ပြော ကြားခဲ့တာဖြစ်ပြီးဂရင်းလန်ကျွန်းအား သိမ်းယူမယ့်အစီအစဉ်ကို သဘောမတူတဲ့တိုင်းပြည်တွေကို စည်းကြပ်ခွန် သတ်မှတ်ဖွယ်ရှိကြောင်း၊ အမေရိကန်နိုင်ငံဟာ အမျိုးသား လုံခြုံရေးအတွက် ဂရင်းလန်ကျွန်းကို လိုအပ် ကြောင်း ၎င်းက ဆက်ပြောပါတယ်။

ဒိန်းမတ်နဲ့ ဂရင်းလန်အစိုးရတို့က ဒေါ်နယ်ထရမ့်ရဲ့ အဆိုပါအာတိတ်ဒေသကျွန်းအား သိမ်းယူမယ့် အစီအစဉ်ကို ဆန့်ကျင်ပါတယ်။ဒိန်းမတ်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်နဲ့ ပိုလန်နိုင်ငံများမှ ခေါင်းဆောင်တွေဟာ ဇန် နဝါရီလ ၆ ရက်မှာ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဂရင်းလန်ကျွန်းကို ဂရင်းလန်ပြည်သူတွေ ပိုင်ဆိုင်ကြောင်း၊ ဂရင်းလန်ကျွန်းဟာ ဒိန်းမတ်နဲ့ဂရင်း လန်အတွက်သာဖြစ်ပြီး ဒိန်းမတ်၊ ဂရင်းလန်နဲ့ပတ်သက်လို့ ပြည်သူတွေ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ပူးတွဲ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ဒိန်းမတ်နဲ့ နေတိုးအဖွဲ့ဝင်အချို့က ဂရင်းလန်ကျွန်းသို့ စစ်လက်နက်နဲ့ တပ်ဖွဲ့တွေ စေလွှတ်ထား သလို တပ်ဖွဲ့တွေ ဖြန့်ကြက်ဖို့ ပြင်သစ်ကလည်း သဘောတူထားပါတယ်။



news-view-count-icon

18