ပြီးခဲသည့် ဇန်နဝါရီ ၁၄ ရက်က ထိုင်းနိုင်ငံ နာခွန်းရက်ချာစီမာခရိုင်၊ ဆစ်ဟူအရပ်တွင် အမှတ် (၂၁) အထူး အမြန်ရထား အရှိန်ဖြင့် မောင်းလာစဉ် ရထားလမ်း ခုံးကျော်တံတားစီမံကိန်းမှ ကရိန်းကြီး ပြိုကျရာမှ ၃၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့မှုအတွက် ထိုင်းအာမခံကော်မရှင်ရုံး - OIC က သေဆုံးသူတိုင်း၏ မိသားစုဝင်များသို့ ဘတ်တစ်သန်း ပေးသွားမည်ဟု အတည်ပြုခဲ့သည်။ သေဆုံး ဒဏ်ရာရသူများ၏ မိသားစုဝင်များအတွက် အာမခံကြေးများ အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရန် အာမခံ ကုမ္ပဏီများကို OIC မှ အထွေထွေအတွင်းရေးမှူး ပရာမူပိုက ဖိတ်ခေါ်ကာ အစည်းအဝေးလုပ်ပြီးနောက် ကန်ထရိုက်တာများ၊ အီတလီ - ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၊ ကန်ထရိုက်တာ အန္တရာယ်များအာမခံအဖွဲ့- CAR တို့က စုစုပေါင်း ဘတ် ၅၈၃ သန်း ပေးသွားရန် အတည်ပြုခဲ့သည်။ Dhipaya အာမခံကုမ္ပဏီက ကုန်ကျငွေ ၆၀ ရာခိုင်နှုန်း၊ ဘန်ကောက် အာမခံကုမ္ပဏီက ၂၀ ရာခိုင်နှုန်း၊ Indara အာမခံကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်းစီကို တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ နာခွန်းရက်ချာစီမာခရိုင်၊ ဆစ်ဟူအရပ်တွင်ကရိန်း ပြိုကျပြီး ရထား မတော်တဆမှုမှ သေဆုံးသူတိုင်းကို ဘတ်တစ်သန်းစီ အာမခံကြေး ပေးမည်
Jan 17 • 3:40 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


