ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေပြီး မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအမျိုးသမီး (၄) ဦးအား ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးက ဆော်ဒီလူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းကာ ဇန်နဝါရီ ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ အောင်မြင်စွာ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါ အမျိုးသမီးများသည် နေရပ်ပြန်ရန် နည်းလမ်းမျိုးစုံဖြင့် အခက်အခဲဖြစ်ပေါ်နေသူများဖြစ်ပြီး သံရုံး၏ ကူညီပံ့ပိုးမှုဖြင့် ရီရတ်ဒ်-နယူးဒေလီ-ရန်ကုန် လေကြောင်းခရီးစဉ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံပြန်ဖို့ အခက်အခဲကြုံနေသည် မြန်မာနိုင်ငံသား ၄ ဦးကို ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးမှ ကူညီပြန်လည်ပို့ဆောင်
Jan 17 • 1:58 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


