back

လာအိုနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၃၅ သန်း ထောက်ပံ့ကူညီမည်

Jan 16 • 7:16 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၃၅ သန်း ထောက်ပံ့ကူညီမည်

လာအိုနိုင်ငံရှိ ပညာရေးနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ လုပ်ဆောင်ရည် မြင့်မားလာစေရန်အတွက် ကမ္ဘာ့ဘဏ် (World Bank) က အမေရိကန်ဒေါ်လာ ၃၅ သန်း တန်ဖိုးရှိ စီမံကိန်းတစ်ခုက...

လာအိုနိုင်ငံရှိ ပညာရေးနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ လုပ်ဆောင်ရည် မြင့်မားလာစေရန်အတွက် ကမ္ဘာ့ဘဏ် (World Bank) က အမေရိကန်ဒေါ်လာ ၃၅ သန်း တန်ဖိုးရှိ စီမံကိန်းတစ်ခုကို အတည်ပြုလိုက်ပြီဖြစ်သည်။ ၆ နှစ်ကြာ အကောင်အထည်ဖော်မည့် ယခုစီမံကိန်းသည် ဝန်ထမ်းများကို လေ့ကျင့်သင်တန်းပေးခြင်း၊ ဝန်ထမ်းစီမံခန့်ခွဲမှုစနစ်များ တိုးတက်စေခြင်းနှင့် အထူးသဖြင့် ဝေးလံခေါင်ဖျားသော ကျေးလက်ဒေသများရှိ အခြေခံဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုခိုင်မာလာစေရန် အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

18