back

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘုရားဖူးမြှော်ချိန်ကို ဇန်နဝါရီ ၂၀ ရက်မှစတင်ကာ ည ၉ နာရီအထိ တိုးမြှင့်သတ်မှတ်

Jan 16 • 4:43 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘုရားဖူးမြှော်ချိန်ကို ဇန်နဝါရီ ၂၀ ရက်မှစတင်ကာ ည ၉ နာရီအထိ တိုးမြှင့်သတ်မှတ်

ရန်ကုန်မြို့ရှိ ဗိုလ်တထောင်စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြှော်ကြသည့် ပြည်တွင်း/ပြည်ပဘုရားဖူးဧည့်သည်များ စိတ်အေးချမ်းသာစွာ ဖူးမြှော်ကြည်ညိုနိုင်စေရန်အတွက် လက်ရ...

ရန်ကုန်မြို့ရှိ ဗိုလ်တထောင်စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြှော်ကြသည့် ပြည်တွင်း/ပြည်ပဘုရားဖူးဧည့်သည်များ စိတ်အေးချမ်းသာစွာ ဖူးမြှော်ကြည်ညိုနိုင်စေရန်အတွက် လက်ရှိသတ်မှတ်ထားသော ဘုရားဖူးချိန်ကို လာမည့် ဇန်နဝါရီ ၂၀ ရက်မှစတင်ကာ တစ်နာရီထပ်မံတိုးမြှင့်လိုက်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။ ယခင်က နေ့စဉ် နံနက် ၅ နာရီမှ ည ၈ နာရီအထိသာ သတ်မှတ်ထားသော်လည်း ယခုအခါ ည ၉ နာရီအထိ တိုးမြှင့်လိုက်ခြင်းဖြစ်သောကြောင့် ဘုရားဖူးပြည်သူများအနေဖြင့် သတ်မှတ်ရက်မှစတင်ကာ နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီအထိ စိတ်ကြိုက်လာရောက်ဖူးမြှော်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

52