back

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး

Jan 16 • 3:26 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသ...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်း ၂၅၀ ခန့် တက်ရောက်လေ့လာခဲ့ကြသည်။ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲပေးစက်အသုံးပြုပုံများကို ရှင်းလင်းပြသခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ပြည်သူများအား လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ကျောက်မဲမြို့နယ်၌ မဲရုံပေါင်း ၂၅ ရုံ လျာထားပြီး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

17