ဇန်န ဝါရီလ၁၅ရက် ညနေ၂နာရီ၁၅မိနစ်က ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ် ကွက်၊ ၃၄ လမ်း၊ ၇၁လမ်းနဲ့၇၂ လမ်းကြားက အဲယားကွန်းနဲ့ ရေခဲသေတ္တာပြုပြင်ရေးဆိုင်တစ်ဆိုင်မှာ ဆိုင်ဝန် ထမ်းကို...(၂၆နှစ်)ဟာ ဆိုင်အတွင်း မီးဘုတ်ခုံမှာ မီးပလပ်ပေါက်အားထိုးပြီး ဖုန်းအားသွင်းရာ ဖုန်း အား မဝင်တာကြောင့် မီးဘုတ်ခုံကြိုးကို မဖြုတ်ဘဲ မီးပ လပ်ပေါက်ကို ဝက်အူလှည့်နဲ့ လှည့်ဖြုတ်နေချိန် ဓါတ်လိုက် သေဆုံးသွားခဲ့ရတာလို့ သိရပါတယ်။သေဆုံးသူရဲ့ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေး ရုံကြီးကို ပို့ဆောင်ခဲ့ကာ ဓမ္မတာအတိုင်း သေဆုံးတာဟုတ်/မဟုတ် စစ်ဆေးပြီး အမှတ် ၃ နယ်မြေရဲစခန်း မှာ သေမှုသေခင်းအမှတ်စဉ် ၁/၂၀၂၆ နဲ့ အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။



