back

အိမ်အရောက်ပို့ဆန်ရောင်းချမှု ရွှေဘိုပေါ်ဆန်း နှင့် ဧည့်မထဈေးတက်လာ

Jan 15 • 12:31 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အိမ်အရောက်ပို့ဆန်ရောင်းချမှု ရွှေဘိုပေါ်ဆန်း နှင့် ဧည့်မထဈေးတက်လာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ဈေးနှုန်းတွေ တည်ငြိမ်မှန်ကန်စေဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ရက်က စပြီး ၁၀၈ ပေါင် ၂၄ ပြည် အိတ်အကြီးတွေကို အိမ်အရောက်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ဈေးနှုန်းတွေ တည်ငြိမ်မှန်ကန်စေဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ရက်က စပြီး ၁၀၈ ပေါင် ၂၄ ပြည် အိတ်အကြီးတွေကို အိမ်အရောက်ပို့စနစ်နဲ့ရောင်းချနေတာ ဖြစ်ပြီး ဆန်အိတ် အသေးတွေကို ရပ်ကွက် တွေ /ဈေးတွေမှာ လှည့်လည်ရောင်းချတာကိုလည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နဲ့ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းတို့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။အဲဒီလို ရောင်းချပေးနေရာ အခုဇန်နဝါရီလမှာတော့ ရွှေဘိုပေါ်ဆန်း(ဟောင်း) ၂၄ ပြည်တစ်အိတ်ကို ၁၈၂၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း(သစ်) ၂၄ ပြည်တစ်အိတ်ကို ၁၅၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ)(သစ်) ၂၄ ပြည်တစ်အိတ်ကို ၁၃၀၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (နယ်စုံ)(အသစ်) ၂၄ ပြည်တစ်အိတ်ကို ၁၁၂၀၀၀ ကျပ်၊ ရက်(၉၀) တစ်အိတ်ကို ၇၅၀၀၀ ကျပ် နဲ့ ဧည့်မထ (၁၅မှတ်) ဆန်တစ်အိတ်ကို ၅၂၀၀၀ ကျပ်နဲ့ ရောင်းချပေးနေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက် အရ သိရပါတယ်။အိမ်အရောက်ပို့စနစ်နဲ့ ဆန်တွေ ဝယ်ယူဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး မှာယူလို တဲ့ ဆန်အမျိုးအစား၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွကို တိကျစွာ SMS ဒါမှမဟုတ် Viber မှာ စာပို့ပြီး မှာယူ ရမှာ ဖြစ်ပါတယ်။အဲဒီနောက် ဝယ်ယူသူထံ ငွေကြိုသွင်းရမဲ့ KBZ Pay နံပါတ်ကို ပေးပို့မှာ ဖြစ်ပြီး ငွေပေးသွင်းပြီးရင်တော့ Viber ကနေ ပြန်လည်အတည်ပြု ပေးပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။



news-view-count-icon

18