မြန်မာနိုင်ငံသား အယောက် ၁၀၀ ဝန်းကျင်ဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အထောက်အထားအတုကိုင်ဆောင်မှုတွေနဲ့ ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံပြီးပေမဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်က အင်ဖာထောင်မှာ ဆက်လက်ထိန်းသိမ်းခံနေရတယ်လို့ သိရပါတယ်။တစ်ဦးကို မြန်မာငွေကျပ် သိန်း ၂၀ ပေးရင် ပြန်လွှတ်မယ်လို့ ၂၀၂၄ နှစ်အတွင်းမှာ ထောင်ဘက်က ပြောတာကြောင့် ဖမ်းဆီးခံထားရသူတွေက မိသားစုတွေဆီကနေ တောင်းယူပြီး ပေးခဲ့ပေမဲ့ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘူးလို့ သူက ပြောပါတယ်။၂၀၂၅ ခုနှစ်အတွင်း တမူးနယ်စပ်ဂိတ်ကနေ အင်ဖာထောင်မှာ ဖမ်းဆီးခံခဲ့ရသူ ၅၃ ဦးကို အိန္ဒိယက မြန်မာအာဏာပိုင်တွေဆီ နှစ်ကြိမ်ခွဲပြီး ပြန်လည်လွှဲပြောင်းခဲ့ဖူးပါတယ်။



