အမေရိကန်ပြည်ထောင်စု၏ နိုင်ငံစုံပါဝင်သည့် နိုင်ငံတကာအဖွဲ့အစည်း ဒါဇင်ပေါင်းများစွာမှ နုတ်ထွက်ပြီးနောက် အမေရိက နည်းတူ အစ္စရေးနိုင်ငံသည် ကုလသမဂ္ဂအေဂျင်စီ သုံးခုနှင့် ဆက်စပ်အဖွဲ့အစည်းများနှင့် "အဆက်အသွယ်အားလုံးကို ချက်ချင်းဖြ-တ်တေ-ာက်မည်" ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆာသည် ကုလသမဂ္ဂစီဘယ်လိုက်ဇေးရှင်း မဟာမိတ်အဖွဲ့၊ ကုလသမဂ္ဂစွမ်းအင်အဖွဲ့အစည်းနှင့် ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တို့နှင့် ဆက်ဆံရေးကို ချက်ချင်းဖြ-တ်တေ-ာက်ရန် အမိန့်ပေးခဲ့ကြောင်း အဆိုပါ ကုလသမဂ္ဂအဖွဲ့အစည်းများသည် အစ္စရေးအပေါ် တဖက်စောင်းနင်းဆက်ဆံလျက်ရှိသည်ဟု စွပ်စွဲလျက် ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



