back

မကွေးတိုင်း၊ဆိပ်ဖြူ၌ ကြက်သွန်နီ(ဥ)သေး ကျပ် ၃,၀၀၀ ထိ ဈေးရနေ

Jan 15 • 5:01 AM

breaking-news

မြန်မာ

မကွေး

breaking-news
cover

မကွေးတိုင်း၊ဆိပ်ဖြူ၌ ကြက်သွန်နီ(ဥ)သေး ကျပ် ၃,၀၀၀ ထိ ဈေးရနေ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှာ ဆောင်းကြက်သွန်နီ (ဥ)သေး စိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်မှာ တစ်ပိဿာကို ကျပ် ၃,၀၀၀ အထိ ဈေး ရရှိနေတယ်လို့ ကြက်သွ...

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှာ ဆောင်းကြက်သွန်နီ (ဥ)သေး စိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်မှာ တစ်ပိဿာကို ကျပ် ၃,၀၀၀ အထိ ဈေး ရရှိနေတယ်လို့ ကြက်သွန်နီ စိုက်ပျိုးတောင်သူတွေဆီကနေ သိရပါတယ်။ဆိပ်ဖြူမြို့နယ်မှာ ရန်ကုန် ဘုရင့်နောင်ရဲ့ နေ့စဉ်ကုန်ဈေးနှုန်းအပေါ် အခြေခံပြီး အရောင်းအဝယ် ပြုလုပ်နေတာ ကြောင့် ကြက်သွန်နီ(ဥ)သေး တစ်ပိဿာကို အနိမ့်ဆုံးဈေး ၂,၀၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်အထိ ဈေးရရှိတဲ့ အတွက် ကြက်သွန်စိုက်ပျိုးတောင်သူတွေ ပိုအဆင်ပြေကြတယ်လို့ ဆိုပါတယ်။ဆိပ်ဖြူမြို့နယ်ဟာ ကြက်သွန်နီ အဓိကစိုက်ပျိုးရာ ဒေသတစ်ခုဖြစ်ပါတယ်။ ဒေသခံတောင်သူတွေဟာ ဆောင်း ရာသီမှာ ကြက်သွန်နီ(ဥ)သေးနဲ့ စိုက်ပျိုးကြသလို မျိုးစေ့ပျိုးထောင်ပြီးလည်း စိုက်ပျိုးကြပါတယ်။

ကြက်သွန်နီ(ဥ)သေး စိုက်တာကိုတော့ ကိုင်းမြေတွေမှာ နှစ်စဉ် သီတင်းကျွတ်လဆန်းကနေ တန်ဆောင်မုန်းလ အတွင်း စတင်စိုက်ပျိုးဆောင်ရွက်ကြပြီး မျိုးစေ့ပျိုးထောင်အပင်စိုက်ကို နတ်တော်လကုန်ပိုင်းနဲ့ ပြာသိုလဆန်း ပိုင်းမှာ ချောင်းကျမြေနဲ့ လယ်မြေမှာ စိုက်ပျိုးကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။အခုအချိန်မှာ ဆောင်းကြက်သွန်နီ အပင်စိုက်ခင်းတွေ စိုက်ပျိုးကြပြီး ကြက်သွန်နီ(ဥ)သေး စိုက်ခင်းတွေ တူးဖော် နေကြတဲ့ အချိန်ဖြစ်ပါတယ်။ လက်ရှိမှာတော့ စိုက်ခင်းကိုလာဝယ်တဲ့ ကြက်သွန်နီအသစ် ဈေးနှုန်းဟာ တစ်ပိဿာကို ကျပ်၂,၀၀၀ ကနေ ကျပ် ၂,၅၀၀ ထိ ရောင်းချနေကြရပြီး ကုန်စည်ဒိုင်မှာလည်း နေ့စဉ် ကြက်သွန်နီ ကုန်ချိန် သုံးသောင်းလောက် ဝင်ရောက် နေတယ်လို့ သိရပါတယ်။


news-view-count-icon

27