ဒုတိယတန်းကလပ် အယ်လ်ဘာစီတီအသင်းကို ရှုံးပြီး စပိန်ဘုရင့်ဖလားပြိုင်ပွဲကထွက်ခဲ့ရတာအတွက်ရီးယဲလ်နည်းပြသစ် အာဘီလိုအာက သူ့မှာ တာဝန်အရှိဆုံးလို့ ပြောခဲ့ပါတယ်။ရီးယဲလ်အသင်းက စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ ဒုတိယတန်းကလပ် အယ်လ်ဘာစီတီအသင်းကို နှစ်ဂိုး သုံးဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။အာဘီလိုအာက " အခုရှုံးပွဲအတွက် တာဝန်အရှိဆုံးလူက ကျွန်တော်ပါ။
ကျွန်တော်က ကျရှုံးမှုကို မကြောက်ပါဘူး။ ကျရှုံးမှုဆိုတာ အောင်မြင်မှုဆီသွားမယ့်ခရီးလမ်းရဲ့ အစိတ်အပိုင်းတစ်ခုပါ" လို့ ပြောခဲ့ပါတယ်။အာဘီလိုအာက အယ်လ်ဘာစီတီအသင်းနဲ့ ပွဲမှာ ရီးယဲလ်နည်းပြအဖြစ်ပထမဆုံးတာဝန်ယူခဲ့ပြီး အခုလိုမျိုး အရှက်တကွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။အယ်လ်ဘာစီတီအသင်းနဲ့ပွဲမှာ ရီးယဲလ်အသင်းနည်းပြ အာဘီလိုအာက ဘာပေ၊ ဘယ်လင်ဂမ်၊ ရိုဒရီဂို၊ ဂိုးသမားကော်တိုအာတို့ကို အနားပေးခဲ့ပါတယ်။


