back

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ် စွန်းကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Jan 15 • 4:52 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ် စွန်းကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုန်းမြင့် ကျေးရွာအုပ်စု ၊ စွန်းကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံင...

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုန်းမြင့် ကျေးရွာအုပ်စု ၊ စွန်းကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ(VRFP)စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိ သူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။အဆိုပါ ကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း အသင်းသား ၊ အသင်းသူ ၅၇ ဦးကို ဆဌမအကြိမ်မြောက် VRFP စီမံကိန်းရန်ပုံငွေကျပ် ၂၁ သန်း ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ထံမှသိရသည်။

news-view-count-icon

16