back

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီဘိုဝင်း မှာတရားမဝင်ပွဲစားရုံနဲ့ ဆံညှပ်အလှပြင်ဆိုင် တွဲဖွင့်လုပ်ကိုင်နေတဲ့ မြန်မာပွဲစား အလုပ်သမား တွေ ဖမ်းဆီးခံရ

Jan 15 • 3:03 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီဘိုဝင်း မှာတရားမဝင်ပွဲစားရုံနဲ့ ဆံညှပ်အလှပြင်ဆိုင် တွဲဖွင့်လုပ်ကိုင်နေတဲ့ မြန်မာပွဲစား အလုပ်သမား တွေ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီဘိုဝင်း မှာ တရားမဝင်ပွဲစားရုံးနဲ့ ဆံညှပ်အလှပြင်ဆိုင် တွဲဖွင့်လုပ်ကိုင်နေတဲ့ မြန်မာပွဲစား အလုပ်သမား (၄)ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်း...

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီဘိုဝင်း မှာ တရားမဝင်ပွဲစားရုံးနဲ့ ဆံညှပ်အလှပြင်ဆိုင် တွဲဖွင့်လုပ်ကိုင်နေတဲ့ မြန်မာပွဲစား အလုပ်သမား (၄)ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်ချွန်ဘူရီပြည်နယ် အလုပ်အကိုင်အေဂျင်စီနဲ့ လုံခြုံရေးတပ်ဖွဲ့ တွေ ပူးပေါင်းပြီး သီရိရာချာခရိုင် ဘိုဝင်းမြို့လယ်ရှိ အဆောက်အဦတစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ရာ ဆံပင်ညှပ်ဆိုင်အဖြစ် ဟန်ဆောင်ပြီး နိုင်ငံခြားသားအလုပ်သမား တွေ ရဲ့ စာရွက်စာတမ်း တွေကို တရားမဝင် ပြင်ဆင်ပေးနေတဲ့ မြန်မာနိုင်ငံသား လေးဦးကို ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။တိုင်ကြားချက်အရ စီရာချာခရိုင်၊ ဘိုဝင်းမှာ နိုင်ငံခြားသားအလုပ်သမား တွေရဲ့ စာရွက်စာတမ်း တွေ ကို တရားမဝင်စီမံပေးတဲ့ လုပ်ငန်းရှိနေကြောင်း ချွန်ဘူရီပြည်နယ် အလုပ်အကိုင်ရုံးက သတင်းရရှိခဲ့တာကနေ ဝင်ရောက်စစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အဆောက်အဦးကို စစ်ဆေးရာ မှာ ၃ထပ်တိုက်ခန်း မြေညီထပ်ကို ပွဲစားရုံးခန်းအဖြစ်နဲ့ ဒုတိယထပ်ကို ဆံပင်ညှပ်ဆိုင်အဖြစ် အသုံးပြုထားကြောင်း စစ်ဆေးတွေရှိခဲ့ပြီး၊ အဆောက်အဦအတွင်း မှာ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း လေးဦးကို တွေရှိခဲ့တာဖြစ်ပါတယ် ။ အရာရှိတွေဟာ နိုင်ငံခြားသားအလုပ်သမား အားလုံးကို ဖမ်းဆီးပြီး ၊ ဘိုဝင်ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေး အရာရှိ တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူ ၄ ဦး ကို နိုင်ငံခြားသားလုပ်သား များ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၇) ပုဒ်မ ၈၊ ပြစ်ဒဏ် အပိုဒ် ၁၀၁ နဲ့ ၎င်းရဲ့ ပြင်ဆင်ချက် တွေအရ "၎င်းတို့ လုပ်ကိုင်ခွင့်ရှိ အတိုင်းအတာပြင်ပ မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားဖြစ်တာ" နဲ့ တရားစွဲဆိုခဲ့တယ်လို့ လည်း သိရှိရပါတယ်။


news-view-count-icon

23