လာအိုနိုင်ငံတောင်ပိုင်းရှိ အဓိကအဆင့်မြင့်ကုသရေးဆေးရုံကြီးဖြစ်သော ချန်ပါဆက်ပြည်နယ်ဆေးရုံ (Champasak Provincial Hospital) ကို အဆင့်မြှင့်တင်ရန်အတွက် ဂျပန်နိုင်ငံက ဂျပန်ယန်း ၂.၈၆၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၃ သန်းခန့်) ကို အကူအညီအဖြစ် လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ငွေဖြင့် ဆေးရုံ၏ အခြေခံအဆောက်အအုံများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး လာအိုနိုင်ငံတောင်ပိုင်းရှိ ဒေသခံပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးအပ်နိုင်တော့မည်ဖြစ်ပါသည်။


