ထိုင်းနိုင်ငံ၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် Charoen Sirivadhanabhakdi သည် သူပိုင် Sutthasup 9 Co., Ltd မှတဆင့် ထိန်းချုပ်ထားသည့် BJC, AWC, TGH တို့တွင်ရှိသမျှ ရှယ်ယာအားလုံးကို သားသမီး ၅ ဦးထံ ညီမျှစွာ လွှဲပြောင်းခဲ့သည်။ ဤအပြောင်းအလဲသည် စီမံခန့်ခွဲမှုနှင့် မဟာဗျူဟာများအပေါ် သက်ရောက်မှုမရှိဟုဖော်ပြသည်။ အသက် ၈၁ နှစ်ရှိသူ Mr. Charoen သည် $11.6 ဘီလီယံတန်ဖိုးရှိကာ Thai Beverage, Fraser and Neave, Frasers Property တို့ပါဝင်သည့် စီးပွားရေးအင်ပါယာတစ်ခုကို ပိုင်ဆိုင်ထားပြီး Bloomberg Billionaires Index အရ ထိုင်းအမှတ်(၂) ချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရှိနေသည်။



