back

ရှမ်းပြည်နယ်‌တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဟိုပုံဈေးတွင် အမှိုက်ပုံကြား ဈေးရောင်းနေရသဖြင့် ဈေးသည်များ အဆင်မပြေမှု ကြုံနေရ

May 27 • 6:07 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်‌တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဟိုပုံဈေးတွင် အမှိုက်ပုံကြား ဈေးရောင်းနေရသဖြင့် ဈေးသည်များ အဆင်မပြေမှု ကြုံနေရ

ရှမ်းပြည်နယ်‌တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်ဟိုပုံမြို့ မြို့မဈေးထဲတွင် အမှိုက်ပုံကြား ဈေးရောင်းနေရသဖြင့် ဈေးဝယ်သူနှင့် ဈေးသည်များ စိတ်...

ရှမ်းပြည်နယ်‌တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်ဟိုပုံမြို့ မြို့မဈေးထဲတွင် အမှိုက်ပုံကြား ဈေးရောင်းနေရသဖြင့် ဈေးဝယ်သူနှင့် ဈေးသည်များ စိတ်အနှောင့်ယှက်ဖြစ်ရကြောင်း မေလ(၂၇)ရက်တွင် ဒေသခံထံက သိရပါတယ်။ ဟိုပုံးမြို့ ဈေးထဲတွင် ဈေးကောက်ကြေးနေ့စဉ် ပုံမှန် ပေးဆောင်နေရသော်လည်း စည်ပင်မှ အမှိုက်ပုံမှန် မသိမ်းပေးသဖြင့် အမှိုက်ပုံကြားဈေးရောင်းနေရသောကြောင့် အဆင်မပြေမှု ရှိနေကြောင်း သိရပါတယ်။ဟိုပုံမြို့နယ် စည်ပင်သာယာရေးဌာနပိုင်သော ဟိုပုံးမြို့မဈေးတွင် အမှိုက်ပစ်ခြင်းနှင့် ပတ်သက်ပြီး အများအဆင်ပြေစေရန်နှင့် စည်းကမ်းတကျ အမှိုက်ပစ်နိုင်စေရန် နည်းလမ်း ဆောင်ရွက်စေလိုကြောင်း ဒေသခံက ပြောပါတယ်။



news-view-count-icon

39