back

ငလျင်ဘေးဒဏ်သင့်၍ နလန်မထူနိုင်သေးသည့် အင်းလေးဒေသတွင် ရေပြန်ကြီးလာနိုင်

May 27 • 5:34 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ငလျင်ဘေးဒဏ်သင့်၍ နလန်မထူနိုင်သေးသည့် အင်းလေးဒေသတွင် ရေပြန်ကြီးလာနိုင်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အင်းလေးဒေသအတွင်း ယခုရက်ပိုင်း မိုးထပ်မံရွာသွန်းမှုကြောင့် ရေပြန်ကြီးလာမည်ကို စိုးရိမ်နေကြပါတယ်။...

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အင်းလေးဒေသအတွင်း ယခုရက်ပိုင်း မိုးထပ်မံရွာသွန်းမှုကြောင့် ရေပြန်ကြီးလာမည်ကို စိုးရိမ်နေကြပါတယ်။ယခုရက်ပိုင်း သျှမ်းပြည်တဝှမ်းတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အင်းလေးဒေသတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းကာ ရေတစပေကျော် မြင့်တက်လာသလိုထိုရေမြင့်တက်လာမှုကြောင့် ငလျင်ဘေးဒဏ်ကြောင့် နလန်မထူနိုင်သေးသည့် အင်းလေးဒေသ အချို့ကျေးရွာများ ရေဘေးထပ်မံကြုံနေရကာ နေရာထိုင်ခင်း အခက်အခဲဖြစ်နေသကဲ့သို့ အချို့လည်း ရေဘေးထပ်မံကြုံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောပါတယ်။ ငလျင်ဘေးသင့်ပြည်သူများအတွက် နေအိမ်များ ပြန်လည်မပြင်ဆင်နိုင်သေးသည့် နေအိမ်များလည်းရှိကာ လက်သမားအလုံအလောက်မရှိသဖြင့် ပြန်လည်ထူထောင်မှု နှောင့်နှေး ကြန့်ကြာနေရခြင်းဖြစ်ပါတယ်။တောင်ကြီးမြို့တွင်လည်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင်း မြို့ပေါ်ရပ်ကွက်တစ်ချို့ ရေကြီးရေလျှံမှု စတင်ကြုံတွေ့နေရသလိုအင်းလေးဒေသအတွင်း ငလျင်လေးဒဏ်ကြောင့် ရွာပေါင်း ၃၀ ဝန်းကျင်ခန့် ၊ နေအိမ် ၃၅၀၀ ထပ်မနည်းပျက်စီးခဲ့ရပြီး ရွာတိုင်းနီးပါး ‌သောက်‌ရေ သုံးရေ အခက်အခဲများကြုံတွေ့နေရပြီး၊ ‌ကေလာ ၊ နမ့်ပန် ၊ ဇရပ်ကြီး ၊ ရှေ့ဝကြီး နှင့် စသည့်ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျောရောဂါများကြုံ တွေ့ခဲ့ရပါတယ်။


news-view-count-icon

23