မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်၊ ကန်တော်ဦးဘုန်းကြီးကျောင်းအနီးတွင် ပုပ်ပွပြီးသေဆုံး နေသည့် ပိုင်ရှင်မဲ့အမျိုးသား ရုပ်အလောင်းတစ်လောင်းတွေ့ရှိခဲ့ပါတယ်။မေလ ၂၆ ရက် ညနေ ၅ နာရီ ၅၀ အချိန်တွင် ရုပ်အလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ မြို့ခံလူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့ကာထိုပုပ်ပွပြီး သေဆုံးနေသည့် အမျိုးသား၏ရုပ်အလောင်းကို မော်လမြိုင်ဆေးရုံကြီး (OPD) သို့ ပို့ဆောင်လိုက်ပါတယ်။


