၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အခြေအနေမှာ-ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်း နေပြီးရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ- နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
အမြင့်တာအားဖြင့် ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်နဲ့ရေပြင်လေဟာတောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်မှ မိုင် ၄၀ထိဖြစ်ကာလှိုင်းအခြေအနေဟာလှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကာလှိုင်းအမြင့်မှာ၁၀ ပေမှ ၁၄ ပေခန့်ထိဖြစ်ပါတယ်။ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာမိုးလေ၀သအခြေအနေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကာအမြင့်တာအားဖြင့်၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်ဖြစ်ကာရေပြင်လေဟာတောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်မှ မိုင် ၄၀ထိဖြစ်ကာလှိုင်းအခြေအနေမှာ-လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကာ
လှိုင်းအမြင့်မှာ၁၀ ပေမှ ၁၄ ပေခန့်ထိဖြစိပါတယ်။


