မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး မောင်မောင်လွင် ပါဝင်တဲ့ ASEAN All Stars အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ မန်ချက်စတာယူနိုက်တက်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ထွက်ခွာလာပြီပဲ ဖြစ်ပါတယ်။မန်ယူအသင်းဟာ မနေ့ညက ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဥ်ကစားထားပေမယ့် ASEAN All Stars နဲ့ ခြေစမ်းခရီးစဥ်ကိုလည်း အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၊ မက်ဂွယ်ယား၊ အိုနာနာ၊ ကက်စမီးရိုး စတဲ့ အဓိကကစားသမား အစုံအလင် ပါဝင်လာတာ တွေ့ရပါတယ်။မေလ ၂၈ ရက်၊ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းမှာ
မန်ယူအသင်းနဲ့ ASEAN All Stars တို့ ခြေစမ်းပွဲကို ကျင်းပသွားမှာဘဲဖြစ်ပါတယ်။



