၂၇.၅.၂၀၂၅ ရက်ယနေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦး (B) အဆောင်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ (B) ဆောင် အခန်းအမှတ် J 4 မှ ၀၉ ၂၀ အချိန်တွင် မ(၁)ဦး၊ ၀၉ နာရီ၃၅ မိနစ်အချိန်တွင် မ(၁)ဦးနှင့် ၀၉နာရီ ၄၅ မိနစ်အချိန်တွင် မ(၁)ဦး စုစုပေါင်း မ(၃)ဦး၏ ရုပ်အလောင်းများအား ထုတ်ယူရရှိခဲ့ပါတယ်။



