back

စစ်ကိုင်းမြို့ရှိ ရာဇာမဏိစူဠာကောင်းမှုတော်စေတီ ကြံခိုင်မှုစစ်ဆေးရန် လုပ်ဆောင်နေ

May 27 • 4:04 AM

breaking-news

မြန်မာ

စစ်ကိုင်း

breaking-news
cover

စစ်ကိုင်းမြို့ရှိ ရာဇာမဏိစူဠာကောင်းမှုတော်စေတီ ကြံခိုင်မှုစစ်ဆေးရန် လုပ်ဆောင်နေ

စစ်ကိုင်းမြို့ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးတွင် ငလျင်ကြောင့် ထိခိုက်ခဲ့သော လက်ရှိကြံ့ခိုင်မှု အနေအထားကို အသေးစိတ်စစ်ဆေးနိုင်ရန်အတွက် လုပ်ဆောင်နေကြော...

စစ်ကိုင်းမြို့ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးတွင် ငလျင်ကြောင့် ထိခိုက်ခဲ့သော လက်ရှိကြံ့ခိုင်မှု အနေအထားကို အသေးစိတ်စစ်ဆေးနိုင်ရန်အတွက် လုပ်ဆောင်နေကြောင်း ဂါပကအဖွဲ့ထံမှ သိရပါတယ်။အဆိုပါစေတီတော်တွင်လည်း လွန်ခဲ့သော မတ်လ ၂၈ ရက်က လှုပ်ခဲ့သည့် ငလျင်ဒဏ်ကိုခံစားခဲ့ရပြီး အခြားသော ဘုရားစေတီများနှင့်နှိုင်းယှဉ်ပါက ထိခိုက်မှုလျော့နည်းသက်သာခဲ့သော်လည်း စေတီတော်ပရဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံအချို့ထိခိုက်ပြိုပျက်ခဲ့ကြောင်း၊ စေတီတော်ကြီး၏ ကိုယ်ထည်တွင်လည်း အက်ကွဲခြင်း၊ ဆေးကွာနေခြင်းများရှိပြီး စိန်ဖူးတော်ထိခိုက်မှုရှိခဲ့သော်လည်း မြေခသည်အထိမဖြစ်ခဲ့ကြောင်း သိရသလိစေတီတော်ကြီးတွင် သာလွန်မင်းတရားကြီးတည်စဉ်ကတည်းကရှိခဲ့သည့် ဂန္ဓာကုဋိတိုက်လေးခု၊ အဝင်ပြဿာဒ် လေးခုတို့ကိုလည်း ပညာရှင်များနှင့် စစ်ဆေးသွားရန်ရှိနေကြောင်း၊ ၎င်းတို့ကိုလည်း ပြုပြင်ရန် လိုအပ်ပါက ပြုပြင်ပြီး ပြုပြင်မရသည့်အခြေအနေများအတွက် တည်ဆောက်ခြင်းများဖြင့် လုပ်ဆောင်သွား ရန်လည်း စီစဉ်ထားပါတယ်။


news-view-count-icon

63