Galaxy G Fold လို့ နာမည်ပေးထားတဲ့ သုံးခေါက်ချိုးဖုန်းကို Samsung က မိတ်ဆက်လာဖွယ်ရှိနေပြီး ခန့်မှန်းခြေ ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၃၀၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ပြောကြားထားတာကို ကိုးကားကို Tech explorers သတင်းမှာ ဖော်ပြထားပါတယ်။ ဈေးကွက်ထဲ S25 Edge ရောက်ရှိလာပြီးနောက် အခုတော့ Tri-Fold ဘက်ကို ပြန်လှည့်လာတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Tipster တစ်ဦးဖြစ်တဲ့ Yogesh Brar က Samsung ရဲ့ သုံးခေါက်ချိုးဖုန်းဟာ စက်တင်ဘာလမတိုင်ခင် ထပ်မံမိတ်ဆက်လာနိုင်ခြေရှိတယ်လို့ ပြောကြားထားပါတယ်။



