ဒေသအတွင်းလမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရေး၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တညင်ပင်ကျေးရွာ ၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ ဘီးလင်း-နတ်ကြီးသွား ကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ်၊ ၁၆/၂ နှင့် ၃ အကြား အရှည် ပေ ၈၀၊ အကျယ် ၂၄ ပေရှိ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ်(၃/၁၇)အား မိုင်းပေါက်ကွဲမှုဒဏ်ကြောင့် အဆိုပါသံကူကွန်ကရစ်တံတားမှာ တောင်ဘက်ကမ်းကပ်ခုံမှ ပြိုကျပျက်စီးခဲ့ပြီး လူနှင့်မော်တော် ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်းနှင့် ပျက်စီးသွားသည့်တံတားအား တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်လျက်ရှိပါတယ်။



