မန္တလေးတိုင်းဒေသကြီးမှ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ စင်ကာပူမြို့၌ မေလ ၂၇ ရက် မှ မေလ ၂၉ ရက်အထိ ကျင်းပမည့် Asia Tech Singapore-CommunicAsia 2025 (Singapore Expo)နည်းပညာပြပွဲသို့ တက်ရောက်ရန် ယနေ့ညနေပိုင်း က ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြသလို
အဆိုပါ နည်းပညာပြပွဲသို့ တက်ရောက်ရန် ပြင်ဆင်၍အဆိုပါနည်းပညာပြပွဲသည် စင်ကာပူနိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ရှိ ပြီး အာရှ၏ အကြီးမားဆုံးနည်းပညာပြပွဲတစ်ခုဖြစ်ကြောင်း၊ ပြပွဲသို့ နိုင်ငံ တကာမှ ပံ့ပိုးကူညီသူများ၊ ဆက်သွယ်ရေးနည်းပညာများ ၊ 5G, 6G ကြိုးမဲ့ ဆက်သွယ်ရေး၊ Satcom , Cloud Computing , IoT ( Internet of Things), AI, ကွန်ယက်အခြေခံဖွဲ့စည်းမှုများ စသဖြင့် စီးပွားရေးလုပ်ငန်း များနှင့် နည်းပညာလုပ်ငန်းများအတွက် အရေးကြီးသော နည်းပညာများကို တင်ဆင်ပြသသောနိုင်ငံတကာနည်းပညာနှီးနှောဖလှယ်ပွဲကြီး လည်းဖြစ်ပါတယ်။


