အုပ်စု(A) မှာ တော့ ရှမ်းယူနိုက်တက် အသင်းဟာ ရမှတ်(၁၀)ရရှိကာ အုပ်စုဗိုလ်နဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားပြီး၊ လာမည့် ဇွန်လ (၁၄)ရက်နေ့မှာ အုပ်စုတွင်းနောက်ဆုံးပွဲစဉ်အဖြစ် သစ္စာအားမာန် အသင်းနှင့် ဒဂုံပေါ့ အသင်း တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ဒဂုံပေါ့ အသင်းက သရေကစားရေဖြင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီးသစ္စာအားမာန်အသင်းကတော့ ရမှတ်(၅)သာရရှိထားတဲ့အတွက် ကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်ဖို့အတွက် မဖြစ်မနေ အနိုင်ကစားဖို့ လိူအပ်နေတာကြောင့် အဆိုပါပွဲစဉ်ဟာ ပွဲကောင်းတစ်ပွဲအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။
အုပ်စု(B)မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းဟာ ရမှတ်(၁၀)မှတ်ရရှိကာ အုပ်စုဗိုလ်နဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားပြီး၊ ဇွန်လ (၁၄)ရက်နေ့မှာ ကစာမည့် မဟာယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းက အနိုင်ရရှိတဲ့ အသင်းဟာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပေမယ့် ဧရာဝတီအသင်းကတော့ သရေကစားရုံဖြင့် နောက်တစ်ဆင့်ကိုတက်နိုင်မှာဖြစ်ကာအုပ်စု(C)မှာတော့ ဟံသာဝတီယူနိုက်တက်အသင်းဟာ ရမှတ်(၈)မှတ်နဲ့ ကွာတားဖိုင်နယ်အဆင့်ကို လက်ရှိမှာ တက်လှမ်းထားပြီး ISPE FC နှင့် Rakhine United FC အသင်းတို့ပွဲစဉ်ပြီးမှ အုပ်စုဗိုလ် နှင့် အုပ်စုဒုတိယအသင်းဆိုပီး ထွက်ပေါ်လာမှာပါ။ လာမယ့် ဇွန်လ (၁၅) ရက်နေ့ မှာ ကွာတားဖိုင်နယ်ကို ISPE FC ပဲ တက်မလား ရခိုင်ယူနိုက်တက်ပဲ တက်လာမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပီး ISPE FC က နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ဆိုတာ ရခိုင်ယူနိုက်တက်အသင်းကို (၆)ဂိုး ပြတ်နိုင်မှ ဖြစ်မှာဖြစ်ပါတယ်။အုပ်စု(D) မှာတော့ ရတနာပုံအသင်းဟာ (၃)ပွဲသာကစားထားပြီး ကွာတားဖိုင်နယ်အဆင့်ကို ရမှတ်(၉)မှတ်နဲ့ တက်ရောက်ထားပြီလည်းဖြစ်ပါတယ်။






