မေ ၂၅ရက် တနင်္ဂနွေနေ့ မနေ့ ညပိုင်း ၁၀နာရီ အချိန်ခန့် ဂယောင်ဂီပြည်နယ် ဟွာဆောင်မြို့ရှိ တခုသော ကားလမ်းမပေါ်မှာ ကားမောင်းသွားနေတဲ့ တက္ကစီကား ပေါ်မှာ အသက် ၂၀နှစ်ခန့်ရှိ မြန်မာနိုင်ငံသား တဦးက အသက် ၅၀နှစ်ခန့်ရှိ တက္ကစီ ကားမောင်းသမားအား ငွေနဲ့ လက်ဝတ်ရတနာ ပစ္စည်းများကို ထုတ်ပေးရန် ဓားဖြင့် ခြိမ်းခြောက်ခဲ့ပြီးကားမောင်းသမားဟာ နီးစပ်ရာ ရဲစခန်းထဲကို ဟွန်းတီးပြီး မောင်းဝင်ခဲ့ကြောင်းသိရပါသည်။ ရဲဝန်ထမ်းများက မြန်မာနိုင်ငံသားကို ဟွာဆောင်ဆောဘု(အနောက်ဘက်)ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ပြီး မှုခင်းစစ် ရဲဝန်ထမ်းက အမှုကို စစ်ဆေးနေကြောင်း သိရပါသည်။



