back

❝ထိုင်းနိုင်ငံတွင် ရည်းစားဟောင်းကို ပြန်တွဲဖို့ ခြိမ်းခြောက်ကာ ဗုံးနဲ့ ပစ်ပေါက်ရင်း ကိုယ်တိုင် အသက်ပါသွားသည့် အမျိုးသား❞

May 26 • 4:20 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

❝ထိုင်းနိုင်ငံတွင် ရည်းစားဟောင်းကို ပြန်တွဲဖို့ ခြိမ်းခြောက်ကာ ဗုံးနဲ့ ပစ်ပေါက်ရင်း ကိုယ်တိုင် အသက်ပါသွားသည့် အမျိုးသား❞

ထိုင်းနိုင်ငံတွင် အသက် ၃၅ နှစ်အရွယ် စူရတ်ဌာနီက အမျိုးသားတစ်ဦးဟာ သူ့ရည်းစားဟောင်းကို သူနဲ့ ပြန်တွဲဖို့၊ ပေါင်းဖက်ဖို့ သွားရောက် ခေါ်ယူရင်း ဗုံးနဲ့ ပစ်ပေါက်ခြိမ်း...

ထိုင်းနိုင်ငံတွင် အသက် ၃၅ နှစ်အရွယ် စူရတ်ဌာနီက အမျိုးသားတစ်ဦးဟာ သူ့ရည်းစားဟောင်းကို သူနဲ့ ပြန်တွဲဖို့၊ ပေါင်းဖက်ဖို့ သွားရောက် ခေါ်ယူရင်း ဗုံးနဲ့ ပစ်ပေါက်ခြိမ်းခြောက်တဲ့အခါ သူ့လက်ထဲမှာတင် ဗုံးပေါက်ပြီး အသက်ပျောက်သွားတဲ့ ဖြစ်စဥ်တစ်ခု မေလ ၂၅ ရက် မနေ့က ဖြစ်သွားခဲ့ပါတယ်။ သူက ပထမ ရည်းစားဟောင်းအိမ်ကိုသွား သူနဲ့ ပြန်တွဲဖို့ ခေါ်ယူခဲ့ပေမယ့် လက်မခံတဲ့အတွက် အသင့်ပါလာတဲ့ ဗုံးနဲ့ ပစ်ခဲ့ကြောင်း၊ ပထမ တစ်ကြိမ် မပေါက်တဲ့အတွက် နောက်တစ်ခါ သွားကောက်ယူတဲ့အချိိန်လက်ထဲမှာ ဗုံးပေါက်ပြီး သေဆုံးသွားခဲ့သည်။ ကောင်မလေးကတော့ အဲ့အချိန်မှာ အိမ်ထဲ အမြန်ပြေးဝင်ခဲ့တဲ့အတွက် ဒဏ်ရာမရခဲ့ဘဲ ကောင်မလေးအိမ်က နောက်ထပ် အမျိုးသမီးကြီး (၂) ဦးကတော့ ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့တွေရောက်လာပြီး စစ်ဆေးတဲ့အခါ သူ့ကားထဲကနေ မူးယစ်ဆေးတွေ သိမ်းမိခဲ့ပြီး၊ ဒီလူက အရင်ကလည်း ဆေးမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူဖြစ်တယ်လို့ သူတို့ရှာတွေ့ခဲ့ပါသည်။



news-view-count-icon

11