back

❝ထိုင်းမှာ တစ်ပတ်အတွင်း ကိုဗစ် Positive လူ ၅ သောင်းကျော်ရှိ❞

May 26 • 4:17 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

❝ထိုင်းမှာ တစ်ပတ်အတွင်း ကိုဗစ် Positive လူ ၅ သောင်းကျော်ရှိ❞

မေလ ၁၈ နဲ့ ၂၄ ရက်အတွင်းမှာတင် ထိုင်းနိုင်ငံတွင်း ကိုဗစ်ကူးစက်ခံရသူ ၅၂,၉၁၇ ဦးရှိလာပြီး နောက်ထပ် (၄) ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ၅၀,၁၃၃ ဦးက ဆေးရုံ၊...

မေလ ၁၈ နဲ့ ၂၄ ရက်အတွင်းမှာတင် ထိုင်းနိုင်ငံတွင်း ကိုဗစ်ကူးစက်ခံရသူ ၅၂,၉၁၇ ဦးရှိလာပြီး နောက်ထပ် (၄) ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ၅၀,၁၃၃ ဦးက ဆေးရုံ၊ ဆေးခန်းတင်စရာမလိုဘဲ ကျန်၂,၇၈၄ ဦးကိုတော့ ဆေးရုံတင်ကုသမှုပေးဖို့ လိုအပ်နေတယ်လို့ဆိုပါတယ်။ ၂၀၂၅ နှစ်စကနေ ပြီးခဲ့တဲ့ အပတ်ထိဆိုရင် ကူးစက်သူ ၁၈၆,၃၀၈ ဦးရှိပြီဖြစ်ပြီး ၄၄ ဦး သေဆုံးခဲ့ပါပြီ။ အဖြစ်များဆုံး ခရိုင်တွေကတော့- ဘန်ကောက် (၉,၅၆၀) ဦး၊ ချွန်ပူရီ (၃,၃၃၇) ဦး၊ စမွတ်ပရာကန် (၂,၄၃၉) ဦး၊ နွန်သဘူရီ(၂,၂၇၉) ဦး၊ ရနောင်း (၂,၁၅၂) ဦးအထိရှိနေခဲ့ကြောင်း သိရသညိ။


news-view-count-icon

12