back

ပြည်ပနိုင်ငံသားများ ပိုင်ဆိုင်ခွင့်မရှိသော ထိုင်းနိုင်ငံမှ မြေများကို ရှမ်းလူမျိုးဆယ်လီတစ်ဦးက Live လွှင့်ကာ ရောင်းချနေ

May 26 • 4:14 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ပြည်ပနိုင်ငံသားများ ပိုင်ဆိုင်ခွင့်မရှိသော ထိုင်းနိုင်ငံမှ မြေများကို ရှမ်းလူမျိုးဆယ်လီတစ်ဦးက Live လွှင့်ကာ ရောင်းချနေ

မြန်မာနိုင်ငံက ရှမ်းလူမျိုးဆယ်လီတစ်ဦးက ထိုင်းနိုင်ငံက မြေကွက်တွေကို လူမှုကွန်ရက်မှာ တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းဝယ်ဖောက်ကားနေသလို မြန်မာနိုင်ငံက ဝယ်ယူသူတွေကိ...

မြန်မာနိုင်ငံက ရှမ်းလူမျိုးဆယ်လီတစ်ဦးက ထိုင်းနိုင်ငံက မြေကွက်တွေကို လူမှုကွန်ရက်မှာ တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းဝယ်ဖောက်ကားနေသလို မြန်မာနိုင်ငံက ဝယ်ယူသူတွေကို လွယ်ကူတဲ့ ငွေပေးချေမှုတွေနဲ့ ပဋိပက္ခဒေသကနေ ခိုလှုံရာအဖြစ် ကမ်းလှမ်း ရောင်းချနေမှုအပေါ် ထိုင်းအာဏာပိုင်တွေ မျက်စိမှိတ်နေချိန်မှာ ထိုင်းနိုင်ငံမြောက်ပိုင်းက တရားမဝင် မြေရောင်းဝယ်မှုတွေအတွက် ထိုင်းပြည်သူလူထုမှာ­ စိုးရိမ်ပူပန်မှုတွေ တိုးပွားလာစေခဲ့ပါတယ်။ မြေရောင်းချနေသူတွေဟာ နိုင်ငံပိုင်မြေကွက်တွေ၊ ဘဏ္ဍာရေးဌာနပိုင်မြေတွေ၊ သစ်တောကြိုးဝိုင်းမြေတွေ၊ ဥပဒေနဲ့ ကာကွယ်ထားတဲ့ ဥယျာဉ်ခြံမြေတွေနဲ့ ထိုင်းနိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ ဒိုင်နန်နွန်တောင်အနီးက နေရာတွေအပါအဝင် ရောင်းချခွင့်မရှိဘဲ တရားဝင်ကာကွယ်ထား တဲ့မြေတွေကိုပါ ဆိုင်းဘုတ်တွေထောင်၊ အွန်လိုင်းကြော်ငြာတွေပြုလုပ်ပြီး လူသိရှင်ကြား ရောင်းချနေကြတာပါ။ ထိုင်းဥပဒေအရ နိုင်ငံခြားသားတွေဟာ မြေပိုင်ဆိုင်မှု ဒါမှမဟုတ် မြေဝယ်ယူမှုကို ငွေကြေးထောက်ပံ့မှု (အမည်ခံဝယ်ယူမှု)ကို တားမြစ်ထားကြောင်း သိရသည်။


news-view-count-icon

18