ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ဒဂုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံနေမှုများအား ကြည့်ရှုအားပေးသည်။ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒဂုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းအပ်နှံနေမှုများအား ကြည့်ရှုအားပေးရာ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးချုပ် နှင့် ကျောင်းအုပ်ဆရာမကြီးများက ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များကို တင်ပြပြီး ကျောင်းအပ်နှံနိုင်ရေး လာရောက်ကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံနေမှုများအား ကြည့်ရှုအားပေး
May 26 • 3:54 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 16 | 0 | 0 | 0 |

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် (၁၅) ကြိမ်မြောက် အောက်တိန်း (92) ၂၉၄၀.၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀.၅၀၅ တန်နှင့် (၁၆) ကြိမ်မြောက် Modular (prefabricated) house (၁၁၂၀) လုံး၊ Offices (၁၆၀) လုံးတို့အား လွှဲပြောင်းလက်ခံ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ သောက်သုံးရေဖူလုံစွာရရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

