back

မွန်ပြည်နယ် ဝန်ကြီးချုပ် မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ ကြက်နှင့် ငါးမွေးမြူရေးခြံ အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းဆင်းကြည့်ရှု

May 26 • 3:44 PM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ် ဝန်ကြီးချုပ် မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ ကြက်နှင့် ငါးမွေးမြူရေးခြံ အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ ဦးသန်းထွန်းဝင်း၏...

မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ ဦးသန်းထွန်းဝင်း၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ဦးစွာရှင်းလင်းဆောင်တွင် ပြည်နယ်မွေးမြူးရေးကုသရေးဦးစီးဌာန ညွှန်းကြားရေးမှူးက ပြည်နယ်အတွင်း ကြက်၊ ဝက်၊ ဘဲမွေးမြူထားရှိအောင်မြင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်သမားရိုးကျနည်းလမ်းများဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များအသုံးပြုမွေးမြူသည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးခြံသန့်ရှင်းရေးဆောင်ရွက်မှုနှင့် ရောဂါကူးစက်မှု မဖြစ်ပွားစေရေး ကြိုတင်ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ မွေးမြူးရေးခြံအတွင်း ဥစားကြက်အကောင်ရေ (၆၅၀၀) ကောင် မွေးမြူးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

news-view-count-icon

14