တရုတ်မှလှူဒါန်းသည့် စက်သုံးဆီ(၁၄,၈၇၀.၀၅၅)တန်ထပ်မံရောက်ရှိခဲ့ပြီး ငလျင်ဘေးသင့် ဒေသများသို့ စွမ်းအင်ဝန်ကြီးဌာနမှ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံမှ (၁၅) ကြိမ်မြောက်လှူဒါန်းသည့် အောက်တိန်း (92) (၂၉၄၀) ဒသမ (၀၅၅) တန်၊ ဒီဇယ် (၁၁,၉၃၀) ဒသမ (၅၀၅) တန် တင်ဆောင်လာသော MTYU DONG သင်္ဘောသည် မေ (၂၃)ရက် နံနက် (၂)နာရီခွဲက သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
| 16 | 0 | 0 | 0 |


