မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားတဲ့ စစ်ကိုင်းမြို့က မီတာတွေကို နိုင်ငံတော်က အခမဲ့ ပြန်လည် တပ်ဆင် ပေးသွားမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက တာဝန်ရှိသူတစ် ယောက်က ပြောပါတယ်။ငလျင်ကြောင့် ပျက်စီးသွားတဲ့ စစ်ကိုင်းမြို့အတွင်းက အိမ်သုံးနဲ့ ပါဝါ မီတာစာရင်းတွေကို ကောက်ယူထားပြီး လုံးဝ ပျက်စီးသွားတဲ့ မီတာတွေကို အခကြေးငွေ ပေးစရာမလိုဘဲ အစားထိုး ပြန်လည်တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။



