back

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းထဲ အမျိုးသားအလောင်းတွေ့

May 26 • 1:52 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းထဲ အမျိုးသားအလောင်းတွေ့

ယမန်နေ့ မေလ ၂၅ ရက် နံနက်ပိုင်းတွင် မယ်ဆိုင်ချောင်းထဲတွင် အမျိုးသားတစ်ဦး သေဆုံးနေလျက် အလောင်းမျောပါလာခဲ့သဖြင့် ဒေသအတွင်း လူမှုကူညီရေးအသင်းမှ ဆယ်ယူခဲပြီး ထိုအလောင...

ယမန်နေ့ မေလ ၂၅ ရက် နံနက်ပိုင်းတွင် မယ်ဆိုင်ချောင်းထဲတွင် အမျိုးသားတစ်ဦး သေဆုံးနေလျက် အလောင်းမျောပါလာခဲ့သဖြင့် ဒေသအတွင်း လူမှုကူညီရေးအသင်းမှ ဆယ်ယူခဲပြီး ထိုအလောင်းကို ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ယနေ့ မယ်ဆိုင်ချောင်းရေသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၏ စိုးရိမ်ရေအမှတ်ကို နောက် ၁၂ နာရီအတွင်း ရောက်ရှိနိုသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နေ့လယ် ၁ နာရီတွင် ထုတ်ပြန်ထားသည်။ မိုးသည်းထွန်ရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။



news-view-count-icon

16