ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာအပါအဝင် ဂျိုင်းမြစ်ဝှမ်းတစ်လျှောက်ရှိ စာသင်ကျောင်းတို့တွင် လက်ရှိ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းအပ်နှံသူများနေကြောင်း ပညာရေးဌာနနှင့် နီးစပ်သူတို့ ပြောပြချက်အရ သိရသည်။ယခုစာသင်နှစ်တွင် မော်လမြိုင်မြို့ပေါ်သို့ ကျောင်းပြောင်းရွှေ့ခဲ့ရသူတို့ ကျေးရွာအတွင်းရှိကျောင်းတို့တွင် ပြန်လည်အပ်နှံနေပြီး ကျောင်းရပ်နားထားရသည့် ကျောင်းသားတို့ကိုလည်း မိဘအုပ်ထိန်းသူတို့မှ ကျောင်းပြန်ထားနေကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။သို့သော် ပညာရေးဌာနမှဆရာ/မများ၏တောင်းဆိုမှုကြောင့် မင်းရွာကျေးရွာတွင် ယခုစာသင်နှစ်တွင် ကျောင်းပြန်လည်ဖွင့်နိုင်သဖြင့်ကျောင်းသား/သူများအားလုံးကျောင်းပြန်လည်အပ်နှံနေကြပြီးဖြစ်သည်ဟု မင်းရွာဒေသခံတစ်ဦးကပြောသည်။



