စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ပဲမျိုးစုံသီးနှံကို ရာသီအလိုက်စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ် မိုးရာသီတွင် ပဲစင်းငုံ ဧက ၁၁၅၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။အဆိုပါ ပဲစင်းငုံစိုက်ပျိုးသည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်များရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ပံပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



