back

ထိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်ကူးစက်သူ ၅၀,၀၀၀ ကျော်ရှိလာ

May 26 • 9:28 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်ကူးစက်သူ ၅၀,၀၀၀ ကျော်ရှိလာ

ထိုင်းနိုင်ငံမှာ Covid-19 ကူးစက်မှုက စိုးရိမ်စရာအခြေအနေတစ်ခုအဖြစ် ဆက်လက်ရှိနေတာကို တွေ့ရပြီး မေလ ၁၈ ရက်ကနေ ၂၄ ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၅၂၉၁၇ ယောက်ရှိကာ နောက်...

ထိုင်းနိုင်ငံမှာ Covid-19 ကူးစက်မှုက စိုးရိမ်စရာအခြေအနေတစ်ခုအဖြစ် ဆက်လက်ရှိနေတာကို တွေ့ရပြီး မေလ ၁၈ ရက်ကနေ ၂၄ ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၅၂၉၁၇ ယောက်ရှိကာ နောက်ထပ်သေဆုံးသူ ၄ ယောက်ရှိ ကြောင်း ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာကိုဖော်ပြထားပါတယ်။အခုတစ်ပတ်အတွင်း ကူးစက်ခံရသူ ၅ သောင်းကျော်က ပြင်ပလူနာတွေဖြစ်ပြီး ကူးစက်လူနာ ၃ ထောင်နီးပါးဟာ ဆေးရုံတင်ဖို့ လိုအပ်ကြောင်း ရောဂါထိန်းချုပ်ရေးဌာန(DDC)ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုနှစ် အစပိုင်း ကစပြီး ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်သူဦးရေ ၁ သိန်း ၉ သောင်းနီးပါးရှိပြီး သေဆုံးသူ ၄၄ ယောက် အထိ ရှိလာ တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောကြားထားပါတယ်။ ကူးစက်မှုအများဆုံးနေရာတွေကတော့ ဘန်ကောက်၊ ချောင်ချွန်၊ စမွတ်ပရာကန်၊ နွန်သဘူရီ နဲ့ ရယောင်းတို့ ဖြစ်ပါတယ်။ မိုးရာသီကာလနဲ့ စာသင်ကျောင်းတွေမှာ ကူးစက်မှုအန္တရာယ် တိုးမြင့်လာနိုင်တဲ့အတွက် အများသူငှာ သွားလာတဲ့နေရာတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနတွေလို လူစည်ကားရာ နေရာတွေမှာ ကူးစက်နိုင်ခြေပိုများတယ်လို့ ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက မှတ်ချက်ပြု သတိပေးထား ပါတယ်။


news-view-count-icon

23