back

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လွတ်လပ်စွာ ကုန်သွယ်မှုအား ထိန်းသိမ်းရေးအတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် တိုက်တွန်း

May 26 • 7:58 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လွတ်လပ်စွာ ကုန်သွယ်မှုအား ထိန်းသိမ်းရေးအတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် တိုက်တွန်း

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ချဲ့ထွင်ရေး၊ စက်မှုလုပ်ငန်းဆိုင်ရာ ပေါင်းစည်းမှု ခိုင်မာအားကောင်းစေရေး၊ လွတ်လပ်စွ...

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ချဲ့ထွင်ရေး၊ စက်မှုလုပ်ငန်းဆိုင်ရာ ပေါင်းစည်းမှု ခိုင်မာအားကောင်းစေရေး၊ လွတ်လပ်စွာ ကုန်သွယ်မှုကို ကာကွယ်ထိန်းသိမ်းရေးအတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က မေ ၂၄ ရက်၌ တိုက်တွန်းခဲ့သည်။ ၂၀၂၅ ခုနှစ် အင်ဒိုနီးရှား-တရုတ် စီးပွားရေးဆိုင်ရာ ကြိုဆိုပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် လီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုနှစ်သည် တရုတ်-အင်ဒိုနီးရှား သံတမန်ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်မြောက် အခါသမယနှင့် ဘန်ဒေါင်းညီလာခံ နှစ် ၇၀ ပြည့် အခါသမယလည်း ဖြစ်သည်ဟု လီက အလေးအနက်ပြောကြားလျက် ကမ္ဘာကြီးသည် လွန်ခဲ့သော ဆယ်စုနှစ် ခုနစ်ခုကျော်က သမိုင်းဝင် အလှည့်အပြောင်းကာလတစ်ခု၌ တည်ရှိခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။ 


news-view-count-icon

20