ဧရာဝတီတိုင်းကြံခင်းမြို့နယ် ဆိပ်သာကျေးရွာ၌ မေ ၂၅ ရက်နေ့ မနက်ပိုင်းက သမက်ဖြစ်သူ တင်မောင်အေးက ယောက္ခထီး ဦးဌေးမြင့်နှင့် ယောက္ခမ ဒေါ်ယဥ်ရွှေတို့ကို သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့အဖွဲ့ဝင်များက ပြောသည်။ ယောက္ခမမှာ နေရာတင်ပွဲချင်း သေဆုံးခဲ့ပြီး ယောက္ခထီးက ဆေးရုံတင်ကာ သေဆုံးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးမှုကို မနေ့ည ၅:၅၅ အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး၊ တင်မောင်အေးအား ယခုအခါ ရဲမှ အမှုဖွင့်အရေးယူနေသည်။



