၂၀၂၅ မေလ ၂၅ ရက်၊ ည ၁၁ နာရီ ၈ မိနစ်ခန့်တွင် ရှမ်းပြည်နယ် တောင်ကြီးခရိုင် ကလောမြို့နယ်၊ အောင်ပန်းမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၇၁) နှင့် (၇၂) ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ထိုသတင်းအရ အောင်ပန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီးနှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ကျား (၁) ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အောင်ပန်းနာကူအသင်းပိုင် သည်သူနာတင်ယာဉ်ဖြင့် ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။



